PRO 1 Global VIP အဖွဲ့ဝင် ဝန်ဆောင်မှု

PRO 1 Global VIP အဖွဲ့ဝင် ဝန်ဆောင်မှုကတော့ လူကြီးမင်းတို့၏ ဝယ်ယူမှုများအတွက် လက်ဆောင် Point အမှတ်များ ပြန်လည်ပေးခြင်း နှင့် ထိုလက်ဆောင် Pointအမှတ်များဖြင့် သတ်မှတ်ထားသည့် လက်ဆောင်ပစ္စည်း၊ စျေးဝယ်ခွင့်ကူပွန်များကို ပြန်လည်ရယူနိုင်မည့် အပြင် အထူးခံစားခွင့်အနေဖြင့် သတ်မှတ်ထားသည့် အမှတ်တံဆိပ်များကို VIP Discount အထူးစျေးနှုန်းများဖြင့် ဝယ်ယူရရှိနိုင်မည့် ဝန်ဆောင်မှုဖြစ်ပါသည်။
ကျွန်တော်တို့ ၏ PRO 1 Global VIP အဖွဲ့ဝင်လျှောက်ထားမည်ဆိုပါက တစ်ရက်အတွင်း ငွေကျပ် 500,000/-ဖိုးဝယ်ယူရုံဖြင့် PRO 1 Global VIP အဖွဲ့ဝင်ကဒ် ကို Service Counter တွင် လိုအပ်သည့်အချက်အလက်များ ပြည့်စုံစွာ ဖြည့်စွက်ပြီး လျှောက်ထားနိုင်ပါသည်။
Member Card ဘယ်လိုရယူနိုင်မလဲ။
- တစ်ရက်အတွင်း ကျပ် ၅၀၀,၀၀၀/- ဖိုးဝယ်ယူရုံဖြင့် PRO 1 Global အဖွဲ့ဝင်ကဒ်ကို Service Counter တွင်လိုအပ်သည့် အချက်အလက်များ ပြည့်စုံစွာဖြည့်စွက်၍လျှောက်ထားနိုင်ပါသည်။ (အဖွဲ့ဝင်ဖြစ်ခွင့်ရသည့် ဝယ်ယူမှုငွေပမာဏအား point အမှတ်မပေးပါ။)
- ၎င်းဝယ်ယူမှုငွေပမာဏတွင် ကုန်မာပစ္စည်းများနှင့် ပရောဂျက်ဝယ်ယူမှု့များပါဝင်ခွင့်မရှိပါ။
VIP Member Card ပျောက်ဆုံး (သို့) ပျက်စီးခဲ့လျှင်
- Member Card ပျောက်ဆုံး(သို့)ပျက်စီးခဲ့လျှင် Customer Service Counter တိုင်းတွင် ၃,၀၀၀/- ကျပ်ပေးသွင်း၍ ကဒ်အသစ်ပြန်လည်လျှောက်ထားနိုင်ပြီး ယခင်ကဒ်အဟောင်းမှ Point အမှတ်များ အလိုအလျောက်လွဲပြောင်းပေးပါမည်။ (ယခင်ကဒ်နံပါတ်(သို့)မှတ်ပုံတင်နံပါတ်ပြောပေးပါရန်။)
VIP Member များအတွက် အထူးအခွင့်အရေး
- သတ်မှတ်ထားသော နာမည်ကြီး အမှတ်တံဆိပ်များ၏ အထူးလျှော့စျေးများ ခံစားခွင့်ရရှိပါမည်။
- အသင်းဝင်များအတွက် ကော်ဖီ/ အချိုရည်နှင့်မုန့်များကို အခမဲ့သုံးဆောင်နိုင်ရန်စီစဉ်ထားရှိပါသည်။
- Special Promotion အစီအစဉ်များရှိလျှင် ကြိုတင်အကြောင်းကြားပေးပါသည်။
ဆုလက်ဆောင်များ ဘယ်လိုရရှိနိုင်မလဲ။
- ဆုလက်ဆောင်များကို PRO 1 Global Home Center ဆိုင်များ၏ Customer Service Counter တိုင်းတွင် ထုတ်ယူနိုင်ပါသည်။
- Point အမှတ်များ စုဆောင်း၍ အထူးဆုများနှင့် ဈေးဝယ်ကူပွန်များရယူနိုင်ပါသည်။
- တစ်ရက်အတွင်း ကျပ် ၅,၀၀၀/- ဝယ်ယူတိုင်း point အမှတ် ၁ပွိုင့်ရရှိပါမည်။ (ကုန်မာပစ္စည်း နှင့် ပရော့ဂျက်ဝယ်ယူမှုများ မပါဝင်ပါ။)
- Point အမှတ်ပေါင်း ၅၀ ပွိုင့်ရရှိပါက PRO 1 Global T-Shirt တစ်ထည် ထုတ်ယူနိုင်ပါသည်။
- Point အမှတ်ပေါင်း ၂၇၀ ပွိုင့်ရရှိပါက PRO 1 Global Mini Travel Bag တစ်လုံးထုတ်ယူနိုင်ပါသည်။
- Point အမှတ်ပေါင်း ၃၀၀ ပွိုင့်ရရှိပါက PRO 1 Global Big Towel တစ်ထည် (သို့မဟုတ်) ကျပ် ၁၀,၀၀၀/- တန်အခမဲ့ ဈေးဝယ်ခွင့် ကူပွန်တစ်စောင် ထုတ်ယူနိုင်ပါသည်။
- ရရှိသော ကူပွန်ကို တစ်လအတွင်းအသုံးပြုရန်နှင့် အသုံးမပြုခဲ့ပါက အလိုအလျှောက်ပျက်ပြယ်မည်ဖြစ်ပါသည်။ ကူပွန်အသုံးပြုမှုအပေါ်တွင် Point အမှတ်ရေတွက်မည် မဟုတ်ပါ။
VIP MEMBER POINT သက်တမ်းနှင့် စည်းမျဉ်းစည်းကမ်းများ
- Point အမှတ်များသည် စတင်ရရှိသည့်နေ့မှ သက်တမ်း ၁နှစ် အတွင်းသာ အသုံးပြုခွင့်ရှိသည်။(PRO 1 Global Home Center မှ Member card ၏ Point အမှတ် သက်တမ်းကုန်ဆုံးရက်အား ကြိုတင်အကြောင်းခြင်းပြုလုပ်မည်မဟုတ်ပါ။ (PRO 1 Global Home Center တိုင်း၏ Customer Service Counterနှင့် Member Application တို့တွင်စုစုပေါင်းရရှိထားသော Point အမှတ်များနှင့် ၎င်းတို့ ၏သက်တမ်းကုန်ဆုံးရက်ကိုစစ်ဆေးနိုင်ပါသည်။)
- VIP Member များအနေဖြင့် အထက်ပါ အကျိုးခံစားခွင့်များရရှိနိုင်ရန် စျေးဝယ်ယူနိုင်သည့်အခါတိုင်းငွေပေးချေမှုမပြုခင် မိမိအသင်းဝင်နံပါတ်(သို့)Member App တွင်ရှိသော Member ID QR Scan ပြပေးရန်လိုအပ်ပါသည် ။
- Point အမှတ်များရေတွက်ရာတွင် အထူးလျှော့စျေးဖြင့်ဝယ်ယူထားသောပစ္စည်းများ၏လျှော့ငွေတန်ဖိုးကိုနှုတ်ပြီးမှ ကျသင့်ငွေပမာဏပေါ်တွင်သာ Point အမှတ်ရေတွက်ပါမည်။
- Point အမှတ်များကို PRO 1 Global VIP Member အချင်းချင်း အသုံးပြု၍သာလွှဲပြောင်းပေးနိုင်ပါသည်။
- စျေးဝယ်ယူသည့် အကြိမ်တိုင်းအတွက်Member Card Pointအမှတ်များအားအလိုအလျှောက်စုပေါင်းပေးသွားပါမည်။
- Member အထူးအခွင့်ရေးများအားလုံးသည် ငွေလက်ငင်းပေးချေမှုပေါ်တွင်သာအကျုံးဝင်သည်။
- ဖော်ပြပါစည်းမျဉ်း၊စည်းကမ်းများနှင့်Member အစီအစဉ်များအား PRO 1 Global Home Center မှ ကြိုတင်အကြောင်းကြားခြင်းမရှိဘဲ အချိန်မရွေးပြောင်းလဲပြင်ဆင်ခွင့်ရှိသည်။
တစ်ခြား အကျိုးခံစားခွင့်များ
- PRO 1 VIP Member Card ရှိတဲ့သူတိုင်း ဓနုဖြူဒေါ်စောရီဆိုင်တွင်သွားရောက်သုံးဆောင်ပါက 10% Discount ခံစားခွင့်ရှိပါသည်။
- PRO 1 VIP Member Card ရှိတဲ့သူတိုင်း Seafood City Hot Pot တွင် 10% Discount ခံစားရရှိနိုင်ပါသည်။
