သတင်း
လူမှုအသိုင်းအဝိုင်းအတွင်းရှိ PRO 1 Global Home Center
ဒုတိယကြိမ်မြောက် လှိုင်သာယာပြည်သူ့ဆေးရုံကြီးသို့ လှူဒါန်းခြင်း
၂၀၂၀ ခုနှစ်၊ ဂျူလိုင်လ (၁၉)ရက်နေ့ တွင် ကျွန်တော်တို့ PRO 1 Global Home Center မိသားစုမှ လှိုင်သာယာပြည်သူ့ဆေးရုံကြီးသို့ လိုအပ်သော ဆေး၀ါးများ နှင့် လေအေးပေးစက် ကို မိဘပြည်သူများ၏ ကျန်းမာရေးလိုအပ်ချက်များတွင် အသုံးပြုနိုင်ရန်အတွက်သွားရောက်လှူဒါန်းခဲ့ပါသည်။
ကယ်ဆယ်ရေးလုပ်ငန်း များ ဆောင်ရွက်နေသည့် ကယ်ဆယ်ရေး အဖွဲ့ဝင် များအား လှူဒါန်းခြင်း
၂၀၂၀ ခုနှစ်၊ ဂျူလိုင်လ (၁၉)ရက်နေ့ မန္တလေး အမရပူရမြို့နယ် ရွှေဂဲရေထိန်းတံခါးအနီး ဧရာဝတီမြစ်ရေစီးဆင်းဝင်ရောက်မှု့အတွက် ကယ်ဆယ်ရေးလုပ်ငန်း များ ဆောင်ရွက်နေသည့် ကယ်ဆယ်ရေး အဖွဲ့ဝင် အယောက် (၂ဝဝ)ခန့်အား ယနေ့ (၂၀.၇.၂၀၂၀) ရက်နေ့တွင် မန္တလေးရှိ PRO 1 Global Home Center သိပ္ပံလမ်းအရောင်း စင်တာ နှင့် တမ္ပဝတီအရောင်းစင်တာ တို့မှ နေ့လည်စာ၊ အချိုရည် နှင့် ရေသန့်များ သွား ရောက် လှူဒါန်းခဲ့ပါသည်။
ဒုတိယအကြိမ် PRO 1 Global Home Center မိသားစု စုပေါင်းသွေးလှူဒါန်းပွဲ
၂၀၂၀ ခုနှစ်၊ ဂျူလိုင်လ (၁၉)ရက်နေ့ တွင် PRO 1 Global Home Center မိသားစုများမှ ရန်ကုန်၊ မန္တလေး၊ မော်လမြိုင် နဲ့ တောင်ကြီး(အေးသာယာ)တို့မှာ ဒုတိယအကြိမ် စုပေါင်းသွေးလှူဒါန်းခဲ့သည့်ပုံရိပ်များကို မိဘပြည်သူများ ကြည်နူးစေနိုင်ရန် အလို့ငှာ ဝေမျှပေးလိုက်ပါသည်။
မွန်ပြည်နယ်အတွင်း Covid 19 ထိန်းချုပ်ကုသရေးတွင် အသုံးပြုရန် PPE ဝတ်စုံ(၁၀၀)စုံ လှူဒါန်းခြင်း
၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ (5)ရက်နေ့ တွင် မွန်ပြည်နယ်အတွင်း Corona Virus Disease (COVID-19)ရောဂါကာကွယ်ရေး၊ ထိန်းချုပ်ရေးနှင့် ကုသရေးလုပ်ငန်းများ ဆောင်ရွက်ရာ၌ အသုံးပြုရန်အတွက် PPE ဝတ်စုံ(၁၀၀)စုံအား မွန်ပြည်နယ်အစိုးရအဖွဲ့ထံသို့ PRO 1 Global Home Centerမှ လှူဒါန်းခြင်းကို မိဘပြည်သူများ သာဓုခေါ်နိုင်စေရန်အတွက် ပြန်လည်မျှဝေပေးလိုက်ပါသည်။
အရှေ့ဒဂုံ မြို့နယ် ရှိ Covid 19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီသို့ လှူဒါန်းခြင်း
မိဘပြည်သူများ၏ ကျန်းမာရေးလိုအပ်ချက်များအတွက် အသုံးပြုနိုင်ရန် ကျွန်တော်တို့ PRO 1 Global Home Center အရှေ့ဒဂုံအရောင်းစင်တာ မိသားစုမှ စုစုပေါင်း နှစ်ကြိမ်မြောက်လှူဒါန်းငွေကျပ် - ၂,၀၀၀,၀၀၀/-(ငွေကျပ်သိန်းနှစ်ဆယ်တိတိ) နှင့် ရေသန့်ဘူးများကို အရှေ့ဒဂုံ မြို့နယ် ရှိ Covid 19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီသို့ သွားရောက်လှူဒါန်းခဲ့ပါသည်။
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့သို့ Protective Chamber(3)လုံးလှူဒါန်းခြင်း
၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ (19)ရက်နေ့ တွင် PRO 1 Global Home Center မန္တလေးအရောင်းစင်တာများ မှ Protective Chamber(3)လုံးအား မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးကြပ်သော Covid-19 Quarantine Center Football Academy သို့ လှူဒါန်းခဲ့ပါသည်။
