အကြောင်းအရာသို့ သွားမည်

အထွေထွေ ဗဟုသုတများ

ဆိုလာပြားများ မီးမလောင်အောင် ထိန်းသိမ်းခြင်း

September 29, 2026


ပြောင်းလဲလာသော လူနေမှုနှင့်အညီ စွမ်းအင်ချွေတာနိုင်ရန်အတွက် Solar ပြားများကို တွင်တွင်ကျယ်ကျယ် အသုံးပြုမှု၏ နောက်တွင် စနစ်တကျထိန်းသိမ်းနည်းများကို မသိရှိကြသဖြင့် Solar ပြားများ ကြာရှည်မခံခြင်း၊ အသုံးပြုနေစဉ် မီးလောင်ကျွမ်းခြင်းများ ဖြစ်ပေါ်တတ်ပါတယ်။ ဆိုလာပြားများမှတစ်ဆင့် မီးလောင်မှုများထဲတွင် အဓိကအချက်အနေနှင့် ပါဝင်နေတာကတော့ အားသွင်းရာတွင် အသုံးပြုသည့် Charger Controller ကို သေချာစွာ မတပ်ဆင်သောကြောင့်ဖြစ်ပါတယ်။ Charger Controller ဆိုတာကတော့ ဘက်ထရီ အားပြည့်ခါနီးနှင့် ပြည့်သောအခါ လျှပ်စီးနှုန်းကို ထိန်းချုပ်ပေးသည့် ကိရိယာပဲဖြစ်ပါတယ်။ နောက်ထပ် မီးလောင်ရခြင်းတွေကတော့ ဆိုလာနှင့် ချိတ်ဆက်ထားသော ကြိုးကို သင့်တော်သည့်ကြိုး အသုံးမပြုခြင်း၊ အရည်အသွေးပြည့်မီသော ကြေးကြိုးများ အသုံးမပြုခြင်း၊ ဝိုင်ယာကြိုးအပေါက်အပြဲများနှင့် တွဲဆက်၍ အသုံးပြုခြင်းတို့အပြင် ဆိုလာပြားတပ်ဆင်ချိန်တွင် သေချာစွာတုပ်နှောင်ခြင်းမရှိသောကြောင့် ဆိုလာပြားနှင့် ဘက်ထရီ အပေါင်းအနှုတ် ငုတ်ကြိုးများ ချောင်နေခြင်းတို့လဲ အပါအဝင်ပဲဖြစ်ပါတယ်ခင်ဗျာ။ ဆိုလာပြား မှမီးလောင်ခြင်းများ မဖြစ်ပွားရအောင်ဘယ်လိုကာကွယ်မလဲ ====================================== ✅ကြားခံနယ် အဖြစ် Controller တစ်ခုခု ခံသုံးပါ။ ✅သတ်မှတ်ထား သောoriginal ဝါယာကြိုးကိုသာစက်အဝင်ကြိုးအဖြစ် အသုံးပြုပါ။ ✅အသုံးပြုခြင်းမရှိသည့် အခါမျိုးတွင် Controller or breaker main switch ပိတ်ထားပါ။ ✅ဘက်တရီ အားအဝင်များမှုကြောင့် မီးလောင်မှုများမဖြစ်ပွားရအောင် ဆိုလာအဝင်ကြိုးကို breaker ခံသုံးပါ ✅ရာသီဥတုပူပြင်းသော နွေရာသီကာလမျိုးတွင် ဆိုလာပြားနှင့် ဘက်ထရီအိုးကြား ချိတ်ဆက်အသုံးပြုသည့် ဆိုလာဝိုင်ယာကြိုးကို အပူဒဏ်ခံနိုင်သောပိုက်လုံးထဲထည့်၍ အသုံးပြုပါ။ #PRO1GlobalHomeCenter #KnowledgeSharing #Solar

အသေးစိတ်ကြည့်ရှုမည်။
မီးစက်များ သက်တမ်းကြာရှည် အသုံးခံဖို့ ဘယ်လိုထိန်းသိမ်းကြမလဲ?

September 29, 2026


လူကြီးမင်းတို့အိမ်မှာရှိတဲ့ မီးစက်တွေ ကြာရှည်စွာ အသုံးခံစေဖို့ ၊ အသုံးလိုတဲ့အချိန် အဆင်သင့်နှိုးနိုင်စေဖို့ ၊ ပျက်စီးယိုယွင်းမှု မရှိစေဖို့ ထိန်းသိမ်းနည်းလေးတွေကို မျှဝေပေးလိုက်ပါတယ်ခင်ဗျာ ✅ တစ်နှစ်ကို နှစ်ကြိမ် Service ပြုလုပ်ပါ Service ပုံမှန်ပြုလုပ်ပေးတဲ့ စက်ပစ္စည်းကသာရေရှည် အသုံးခံတာဖြစ်ပါတယ် ၊ မီးစက်ကိုလဲ အမြဲတစေ Service မလုပ်နိုင်ရင်တောင် တစ်နှစ်ကို နှစ်ကြိမ်အနဲဆုံး ပြုလုပ်ပေးသင့်ပါတယ်။ ✅ မီးစက် အခြေအနေကို အမြဲစစ်ဆေးပါ ပလပ် တခုခုလွတ်နေခြင်း၊ ကြိုးများဖွာနေခြင်း ရှိမရှိဆိုတာကို အမြဲ စစ်ဆေးသင့်ပါတယ်။ ✅ Filterများ အင်ဂျင်ဝိုင်များ ကောင်းမကောင်းစစ်ဆေးပါပြီး လဲလှယ်ပါ Filterတွေ အင်ဂျင်ဝိုင်တွေကို အမြဲစစ်ဆေးလဲလှယ်သင့်ပါတယ်။ လေနဲ့အေးတဲ့ အင်ဂျင်တွေအတွက်ဆိုရင် နာရီ ( 30-40 ) လောက်မောင်းနှင်ပြီးရင် လဲလှယ်သင့်ပြီးတော့ ရေတိုင်ကီပါတဲ့ အင်ဂျင်တွေဆိုရင်တော့ နာရီပေါင်း ( 100 ) လောက်မောင်းနှင်ပြီးရင်လဲ လှယ်သင့်ပါတယ်။ ✅Spark Plug ပလက်များကို စစ်ဆေးပါ တစ်နှစ်ကိုတစ်ခါလောက်တော့ ပလက်ကိုစစ်ဆေး ၍ လဲလှယ်သင့်ပါတယ်။ ✅မီးစက်အင်ဂျင်ကို သုံးလတစ်ကြိမ်လောက် နှိုးပေးပါ။ မီးစက်ကိုအမြဲမသုံးဖြစ်ရင်တောင် သုံးလတစ်ကြိမ်လောက် စမ်းနှိုးပေးပါ။ မီးစက်အခြေအနေ နဲ့ စက်သံမှန်မမှန်ကို သိစေနိုင်ဖို့ပါဖြစ်ပါတယ်ခင်ဗျာ။

အသေးစိတ်ကြည့်ရှုမည်။
ကြွေပြားကပ်ရာတွင် လေမခိုအောင် ဘယ်လိုတပ်ဆင်မလဲ

🏡 ယနေ့ခေတ်မှာ အိမ်အလှဆင်ခြင်းအတွက် ကြွေပြားများကို အသုံးပြုလေ့ရှိကြပါတယ်။ အဓိကအားဖြင့် အိမ်ရဲ့ ကြမ်းခင်းနဲ့ နံရံများအလှဆင်တဲ့နေရာမှာ ပိုမိုအသုံးပြုလေ့ရှိကြပါတယ်။ ကြွေပြားကပ်ရာတွင် နည်းလမ်းတကျတပ်ဆင်မှု မရှိပါက လေခိုပြီး ဖောင်းကြွခြင်းများဖြစ်နိုင်ပြီး ပြန်လည်ပြုပြင်မည်ဆိုပါက အချိန်ကုန်/ငွေကုန်ပြီး လူပင်ပန်းပါတယ်။ ဒါကြောင့် ကြွေပြားကပ်ရာတွင် သတိထားရမည့် ဆောင်ရန်/ရှောင်ရန်အချက်လေးတွေကို တင်ပြပေးလိုက်ရပါတယ်။ 1) ကြွေပြားကြီးများ (သို့) ထောင့်မှန်စတုဂံပုံစံ ကြွေပြားများ တပ်ဆင်ရာတွင် Level ညှိခြင်းကိုပြုလုပ်သင့်ပါတယ်။ 2) ကြွေပြားကပ်ရာတွင် တစ်ခုနဲ့ တစ်ခုကြား 2mm ခန့်နှာကြောင်းနေရာချန်ထားသင့်ပါတယ်။ 3) အရွယ်မတူတဲ့ ကြွေပြားများကို ရောနှောအသုံးပြုခြင်းများ မပြုလုပ်သင့်ပါ။ 4) ကြွေပြားကပ်ကော်ဖျော်ရာတွင် Spin wheel (Mixer Handle) ကိုသာအသုံးပြုပါ။ 5) နှာကြောင်းဖြည့်ကော်ကို အက်စစ်ဒဏ်ခံနိုင်သော အမျိုးအစားကိုသာ အသုံးပြုပါ။ 6) နှာကြောင်းဖြည့်ကော်ကို ဖျော်ပြီးလျှင် နှံ့စပ်စေရန်အတွက် အချိန် (15) မိနစ်ခန့်စောင့်ပါ။ 7) ကြွေပြားကပ်ကော်ကို အသုံးပြုခြင်းဖြင့်လည်း ကြွေပြားကပ်ရာမှာ ကြွေပြားများ လေမခိုအောင် ပြုလုပ်ပေးနိုင်ပါတယ်။ ဒီဇိုင်းစုံ၊ အရွယ်အစားစုံကြွေပြားအမျိုးအစားအစုံအလင်ကို PRO 1 Global ရဲ့အရောင်းစင်တာများနှင့် PRO 1 Plus (Terminal M) ဆိုင်ခွဲတွင် ဝယ်ယူနိုင်ပါတယ်။

အသေးစိတ်ကြည့်ရှုမည်။
အဝတ်လျှော်စက်တွေကို ဘယ်လိုအလွယ်တကူသန့်ရှင်းရေးပြုလုပ်နိုင်လဲ?

September 29, 2026


ကျွန်မတို့အသုံးပြုနေတဲ့ အဝတ်လျှော်စက်တွေမှာ ဘတ်တီးရီးယားတွေကပ်ငြိနေနိုင်တာမလို့ ပုံမှန်အားဖြင့် ၃လတစ်ကြိမ် သန့်ရှင်းရေးပြုလုပ်ပေးဖို့လိုအပ်ပါတယ် အဲ့တာကြောင့်မလို့ အိမ်မှာနေရင်း အလွယ်တကူသန့်ရှင်းရေးပြုလုပ်လို့ရတဲ့ နည်းလမ်းလေးတွေကိုဝေမျှပေးသွားမှာပဲဖြစ်ပါတယ်ရှင်။ 1.စက်ထဲကို အဝတ်မထည့်ပဲ ရေနွေးပူပူလေးထည့်ပြီး လှည့်ပေးမယ်ဆိုရင် ဘက်တီးရီးယားနဲ့ မှိုများ ပေါက်ပွားမှုကို ကာကွယ်နိုင်မှာပဲဖြစ်ပါတယ်ရှင်။ 2.အဝတ်လျှော်စက်သန့်ရှင်းရေးပြုလုပ်ရာမှာ ဆပ်ပြာထည့်တဲ့ အံဆွဲ/အညစ်အကြေးတွေကို စုပ်ယူပေးတဲ့ Filter Bag/ရေအဝင်ပိုက် sensor filter/ အဝတ်လျှော်စက်အဖုံး/ လျှော်ကန်အောက်ခြေက ရာဘာအဖုံးကို ဖွင့်ပြီး သန့်ရှင်းရေးပြုလုပ်သင့်ပါတယ်။ 3.သန့်ရှင်းရေးပြုလုပ်ရာမှာ ဟိုက်ဒရိုဂျင်ပါအောက်ဆိုဒ်၊ 10% အစွန်းချွတ်ဆေး စတာတွေသုံးပြီး သန့်ရှင်းရေးပြုလုပ်နိုင်ပါတယ်။ 4.အဝတ်လျှော်စက်ရဲ့ အတွင်းပိုင်းနှင့်အပြင်ပိုင်းကို ရှာလကာရည်နှင့် မုန့်ဖုတ်ဆိုဒါတို့ကို ရောပြီး သင့်တော်ရာ Brush (သို့) သွားတိုက်တံနှင့်လည်း သန့်ရှင်းရေးပြုလုပ်နိုင်ပါတယ်ရှင်။ အဲ့လိုပုံမှန်သန့်ရှင်းရေးပြုလုပ်ပေးခြင်းဖြင့် မိမိတို့ရဲ့ အဝတ်လျှော်စက်လေးတွေ ကြာရှည်ခံပြီး အနံ့ဆိုးနှင့် ပိုးမွှားရန်တွေကနေ ကာကွယ်နိုင်စေဖို့ ဗဟုသုတအနေနှင့် မျှဝေပေးလိုက်ပါတယ်ရှင်။

အသေးစိတ်ကြည့်ရှုမည်။
ကြွေပြားကပ်ရာမှာ ကော်မှုန့်ဖျော်စပ်မှုမှားယွင်းရင် ဘာတွေဖြစ်လာနိုင်မလဲ?

September 29, 2026


ကြွေပြားအသစ်လေးကပ်ပြီးကာမှ နင်းလိုက်တဲ့အခါ တဗွက်ဗွက်နဲ့ အသံမြည်နေတာ ဒါမှမဟုတ် ကြွေပြားတွေ ကြွတက်လာတာမျိုး ကြုံဖူးပါသလား? ဒါဟာ ကော်မှုန့်ဖျော်စပ်မှုစနစ်မကျခြင်းရဲ့ နောက်ဆက်တွဲ ပြဿနာတွေပဲ ဖြစ်ပါတယ်။ ကြွေပြားကပ်ရာတွင် အချိုးအစားမှန်ကန်ရန် အလွန်အရေးကြီးပါသည်။ သာမန် သဲ+ဘိလပ်မြေဖျော်စပ်မှု နှင့် အသင့်သုံး ကြွေပြားကပ်ကော်မှုန့် (Tile Adhesive) တို၏ ကွာခြားချက်မှာ - သဲ+ဘိလပ်မြေ: ခြောက်သွေ့သွားချိန်တွင် ကျုံသွားတတ်သဖြင့် ကြွေပြားအောက်တွင် လေခိုခြင်းနှင့် အက်ကြောင်းဖြစ်ခြင်းတိုကို ဖြစ်စေနိုင်ပါသည်။ ကြွေပြားကပ်ကော်မှုန့်: ၎င်းတွင် ကပ်ငြိမှုအားကောင်းစေသည့် Polymer များပါဝင်သည်။ ရေများလွန်းပါက ကော်၏ ခံနိုင်ရည်အား လျော့နည်းသွားပြီး ကြွေပြားကို ခိုင်မာအောင် မထိန်းထားနိုင်တော့ပါ။ ရေနည်းလွန်းပါကလည်း ဓာတုဗေဒတုံပြန်မှု မပြည့်ဝသဖြင့် ကြွေပြားများ ခဏအတွင်း ပြန်ကွာကျခြင်း (Popping) ကို ဖြစ်စေနိုင်ပါသည်။ မှန်ကန်သော နည်းလမ်းမှာ ကော်မှုန့်ကို စက်ဖြင့် သေချာနှံစပ်အောင် ဖျော်ရပါမည်။ ဖျော်ပြီးလျှင် ၅ မိနစ်ခန့် ခေတ္တထား (Slaking) ပြီးမှ တစ်ခေါက်ပြန်မွှေပြီး အသုံးပြုခြင်းဖြင့် ကပ်ငြိမှုစွမ်းအားကို အပြည့်အဝ ရရှိစေပါသည်။ PRO 1 မှ အထူးညွှန်းလိုသည်မှာ - ၁။ Red Crocodile Adhesive): သာမန်ကြွေပြားများအတွက် အထူးသင့်လျော်ပြီး ကပ်ငြိမှုအား ကောင်းမွန်စေပါသည်။ ၂။ Crocodile Gold Grey Adhesive ကြွေပြားကြီးများ (Granite/Porcelain) ကပ်ရန်အတွက် အထူးထုတ်လုပ်ထားပြီး ,Moasic အလှဆင်ကြွေပြားများအတွက် Crocodile Gold White Adhesive သည်အထူးသင့် လျော်ပါသည်။ ကြွေပြားကပ်နေစဉ်အတွင်း ကြွေပြားတစ်ချပ်ကို ခွာကြည့်ပါ။ ကြွေပြားနောက်ကျောတွင် ကော်မှုန့်သည် အနည်းဆုံး ၉၀ ရာခိုင်နှုန်းအပြည့် ကပ်နေရပါမည်။ အကွက်လိုက်ဖြစ်နေပါက ဖျော်စပ်မှု သိုမဟုတ် နည်းစနစ် မှားယွင်းနေခြင်း ဖြစ်ပါသည်။

အသေးစိတ်ကြည့်ရှုမည်။
ရေချိုးခန်းအတွင်း အနံ့ဆိုးထွက်ခြင်းကို အမြစ်ပြတ်ဖြေရှင်းနိုင်မယ့် နည်းလမ်းကောင်းများ

September 29, 2026


ရေချိုးခန်းကို ဘယ်လောက်ပဲ ဆေးကြောသန့်စင်ပါစေ၊ မနှစ်မြိုဖွယ် အနံ့အသက်တွေ ရနေတုန်းပဲလား? ဒီပြဿနာဟာ များသောအားဖြင့် ရေဆင်းပိုက်နဲ့ ကြမ်းပြင်ကြားက အိတ်ဇောစနစ် အားနည်းချက်ကြောင့် ဖြစ်တတ်ပါတယ်။ ရေချိုးခန်းအနံ့ဆိုးခြင်းဟာ ရေဆင်းပိုက်ထဲက မိလ္လာဂတ်စ်တွေ အခန်းထဲကို ပြန်တက်လာခြင်းကြောင့် ဖြစ်ပါတယ်။ ရိုးရိုး PVC ရေစစ် (Grating) နှင့် အနံ့ကာ ရေစစ် (Anti-Odor Floor Drain) တိုရဲ့ ကွာခြားချက်ကို သိထားဖို လိုအပ်ပါတယ်။ ရိုးရိုး PVC ရေစစ်: အမှိက်နဲ့ ဆံပင်ကိုသာ စစ်ပေးနိုင်ပြီး ပိုက်ထဲက အနံ့ဆိုးနဲ့ ပိုးဟတ်တွေကို အခန်းထဲ ပြန်ဝင်မလာအောင် မတားဆီးနိုင်ပါဘူး။ အနံ့ကာ ရေစစ် (Anti-Odor Floor Drain): ၎င်းမှာ ရေမရှိတဲ့အချိန်မှာ အလိုအလျောက်ပိတ်သွားတဲ့ Mechanical Valve သိုမဟုတ် ရေအိုင်ဖြင့် ပိတ်ဆိုထားတဲ့ (U-Trap) စနစ် ပါဝင်ပါတယ်။ ဒါကြောင့် အနံ့ဆိုးနဲ့ ပိုးမွှားတွေ အပေါ်ပြန်တက်မလာအောင် ထိရောက်စွာ ကာကွယ်ပေးနိုင်ပါတယ်။ ရေချိုးခန်း ကြမ်းပြင်ရေစစ်များကို အနံ့ကာစနစ်ပါဝင်သော Stainless Steel Floor Drain များဖြင့် လဲလှယ်တပ်ဆင်ပါ။ ထိုအပြင် ကြွေပြားကြားက အက်ကြောင်းတွေမှာ မှိမတက်အောင် အနံ့ကာ Grout (အင်္ဂတေမှုန့်) ကို အသုံးပြုသင့်ပါတယ်။ PRO 1 မှ အထူးညွှန်းလိုသည်မှာ - ၁။ Duss 304 Floor Drain: အနံ့အသက်နဲ့ ပိုးဟတ်တွေကို ၁၀၀% ကာကွယ်ပေးနိုင်တဲ့ အဆင့်မြင့် နည်းပညာသုံး ရေစစ်ဖြစ်ပါတယ်။ ၂။ Sika Tile Grout (Anti-Mold): ကြွေပြားကြားမှာ မှိစွဲပြီး အနံ့ဆိုးထွက်ခြင်းကို ကာကွယ်ပေးဖိုအတွက် Sika ရဲ့ မှိကာ အင်္ဂတေမှုန့်ကို အသုံးပြုဖို တိုက်တွန်းလိုပါတယ်။

အသေးစိတ်ကြည့်ရှုမည်။
LED မီးသီးတွေကို အချိန်အကြာကြီး အသုံးခံအောင် ဘယ်လိုထိန်းသိမ်းမလဲ?

September 29, 2026


သက်တမ်းရှည်တယ်" ဆိုတဲ့ LED မီးသီးတွေ ဝယ်သုံးပေမဲ့ ခဏခဏ ပျက်နေလို စိတ်ညစ်နေရပါသလား? မီးအား အတက်အကျ မတူညီတဲ့ လျှပ်စစ်ဗိုအားနဲ့ အပူချိန်တွေကြောင့် မီးသီးသက်တမ်း တိုတောင်းသွားရခြင်း ဖြစ်ပါတယ်။ LED မီးသီးတစ်လုံး ကြာရှည်ခံဖိုဆိုရင် အပူစွန့်ထုတ်နိုင်စွမ်းနဲ့ ဗိုအားတည်ငြိမ်မှုက အဓိကကျပါတယ်။ ပစ္စည်းချင်းနှိင်းယှဉ်ချက် - ပလတ်စတစ်ကိုယ်ထည် LED နှင့် အလူမီနီယံကိုယ်ထည် LED: ပလတ်စတစ်ကိုယ်ထည်: ဈေးနှုန်းချိုသာသော်လည်း အပူဒဏ်ကို ကောင်းကောင်းမစွန့်ထုတ်နိုင်ပါ။ မီးသီးအတွင်းပိုင်း အပူလွန်ကဲပြီး ခဏခဏ မီးစုန်းတောက်ခြင်း၊ မီးကျွမ်းခြင်းတို ဖြစ်စေပါတယ်။ အလူမီနီယံကိုယ်ထည်: မီးသီးအတွင်းပိုင်းမှာ Aluminum Heat Sink (အပူစုပ်ပြား) ပါဝင်ပါတယ်။ အလူမီနီယံက ပလတ်စတစ်ထက် အပူကို ၆၀% ပိုမိုမြန်ဆန်စွာ စွန့်ထုတ်ပေးနိုင်လို မီးသီးသက်တမ်းကို အပြည့်အဝရရှိစေပါတယ်။ LED မီးသီးများကို လေလုံနေသော မီးအိမ်အကာများအတွင်း တပ်ဆင်ခြင်းကို ရှောင်ကြဉ်ပါ။ မီးအားအတက်အကျ ရှိသောနေရာများတွင် ဗိုအားထိန်းညှိပေးသည့် Stabilizer များအသုံးပြုခြင်းဖြင့် မီးသီးအတွင်းရှိ Driver ပတ်လမ်းများကို ကာကွယ်ပေးနိုင်ပါတယ်။ PRO 1 မှ အထူးညွှန်းလိုသည်မှာ - Opple LED Bulb များသည် အလင်းအားအပြည့်: Quality မြင့် Led Chip ကြောင့် Watt အပြည့်လင်းပြီး မျက်စိမစူးဘဲ အေးမြတဲ့အလင်းကို ပေးစွမ်းပါတယ်။ မီးစားသက်သာ: မီးဆွဲအားနည်းလို့ မီးခဖိုး ချွေတာပေးနိုင်တဲ့အပြင် အပူထွက်အားကောင်းလို့ မီးလုံးကျွမ်းတာကိုလည်း သက်သာစေပါတယ်။ တာရှည်ခံ: Lifetime နာရီပေါင်း ၁၅,၀၀၀ မှ ၂၀,၀၀၀ အထိ ခံတာမို့လို့ ခဏခဏလဲစရာမလိုဘဲ စိတ်ချလက်ချ သုံးနိုင်ပါတယ်။ နေရာမရွေးသင့်တော်: Design နဲ့ Watt မျိုးစုံရှိလို့ အိမ်၊ ရုံးခန်း၊ ဆိုင်ခန်း နေရာမရွေး အသုံးပြုနိုင်ပါတယ်။ ✨ မီးစားသက်သာ + ကြာရှည်ခံ + အလင်းကောင်း + လုံခြုံ စတဲ့ အချက်တွေနဲ့ ပြည့်စုံတဲ့ Opple LED Bulb ကို အခုပဲ ဝယ်ယူရရှိနိုင်ပါပြီ။

အသေးစိတ်ကြည့်ရှုမည်။
မီးပူအောက်ခြေမှာ “ဂျိုးတွေကပ်” လို စိတ်ညစ်နေပြီလား?

September 29, 2026


မိုးတွင်းကာလမှာ မီးပူအသုံးပြုတဲ့အခါ မီးပူအောက်ခြေမှာ “ဂျိုးကပ်ခြင်း” ပြဿနာကို မကြာခဏ ကြုံတွေ့ရတတ်ပါတယ်။ အထူးသဖြင့် စိုစွတ်နေတဲ့အဝတ်တွေကို မီးပူတိုက်မိခြင်း၊ အပူချိန်မမှန်ကန်ခြင်းတွေကြောင့် အဝတ်သားအကြွင်းအကျန်တွေ မီးပူအောက်ခြေမှာ ကပ်သွားနိုင်ပါတယ်။ ဒီလိုဂျိုးကပ်နေတဲ့ မီးပူကို ဆက်အသုံးပြုမယ်ဆိုရင် အဝတ်ပေါ်မှာ အမည်းစက်ထင်နိုင်သလို အဝတ်သားပျက်စီးခြင်းလည်း ဖြစ်စေနိုင်ပါတယ်။ မီးပူဂျိုးကပ်ခြင်းကို ဖြေရှင်းဖို အကောင်းဆုံးနည်းလမ်းများ မီးပူအေးသွားချိန်မှ Soft Cloth ဖြင့် သန့်ရှင်းပေးပါ။ Baking Soda နှင့် ရေအနည်းငယ်ရောပြီး နူးညံ့စွာပွတ်တိုက်နိုင်ပါတယ်။ စိုနေသေးသော အဝတ်များကို တိုက်ခြင်းရှောင်ပါ။ အဝတ်သားအမျိုးအစားအလိုက် Temperature ချိန်ညှိအသုံးပြုပါ။ ဒါ့အပြင် မီးပူရွေးချယ်ရာမှာ Soleplate Coating ကလည်း အရေးကြီးပါတယ်။ Ceramic Coating -ချောမွေ့စွာ ရွေ့လျားနိုင်ခြင်း။ -ဂျိုးကပ်မှုနည်းခြင်း။ -နေ့စဉ်အသုံးပြုရန် အဆင်ပြေခြင်း။ Non-Stick Coating -အဝတ်မကပ်လွယ်ခြင်း။ -သန့်ရှင်းရလွယ်ကူခြင်း။ -အသုံးပြုရလွယ်ကူခြင်း။ Stainless Steel Soleplate -အပူဖြန့်ဝေမှုကောင်းခြင်း။ -Durable ဖြစ်ခြင်း။ -ရေရှည်အသုံးခံခြင်း။ မီးပူဝယ်တဲ့အခါ Watt အပြင် Soleplate Coating အမျိုးအစားကိုလည်း ကြည့်၍ရွေးချယ်သင့်ပါတယ်။ မိုးတွင်းမှာ မီးပူတစ်လုံးကောင်းကောင်းရွေးချယ်ထားခြင်းက အဝတ်အစားများကို သပ်ရပ်လှပစေပြီး နေ့စဉ်အသုံးပြုရာမှာ ပိုမိုအဆင်ပြေစေပါတယ်။

အသေးစိတ်ကြည့်ရှုမည်။
မိုးရာသီမှာ အိမ်အမိုး ရေမယိုစေဖို သိထားသင့်တဲ့ ကာကွယ်နည်း (၅) မျိုး

မိုးသည်းထန်စွာရွာတိုင်း အိမ်ထဲမှာ ရေလိုက်ခံနေရလို စိတ်ညစ်နေပါသလား? အမိုးယိုစိမ့်ခြင်းဟာ အိမ်မျက်နှာကြက် ပျက်စီးစေရုံတင်မကဘဲ လျှပ်စစ်အန္တရာယ်ပါ ဖြစ်ပေါ်စေနိုင်ပါတယ်။ အမိုးယိုစိမ့်ရတဲ့ အဓိကအကြောင်းအရင်းတွေကတော့ — - အမိုးပြားအဆက်များ - သံချက်ရာများ - ရေစစ်ကြောင်း (Valley) များ တွင် အက်ကြောင်းဖြစ်ပေါ်ခြင်းကြောင့် ဖြစ်ပါတယ်။ ဒါကြောင့် မိုးမများခင် ကြိုတင်စစ်ဆေးပြီး ဒီနည်းလမ်း (၅) ခုနဲ့ ကာကွယ်ထားသင့်ပါတယ်။ 1. အမိုးပြားအဆက်နှင့် အက်ကြောင်းများကို Bitumen Tape (ကတ္တရာတိပ်) ဖြင့် ဖာထေးပါ သွပ်ပြားနှင့် အမိုးပြားအက်ကြောင်းငယ်များကို ကတ္တရာတိပ် ကပ်ရုံဖြင့် ရေယိုစိမ့်မှုကို ချက်ချင်း သက်သာစေပါတယ်။ 2. Acrylic Waterproofing (ရေကာဆေး) ကို အသုံးပြုပါ ကွန်ကရစ်ခေါင်မိုး (Slab) တွေနဲ့ ရေမြောင်း (Gutter) တွေအတွက်ဆိုရင်တော့ ရေကာဆေး သုတ်တာက ပိုပြီး စိတ်ချရပါတယ်။ 3. ဟောင်းနွမ်းနေသော Screws များကို လဲလှယ်ပါ EPDM ရော်ဘာကွင်းပါသော Screws အသစ်များ အသုံးပြုခြင်းက ရေစိမ့်ဝင်မှုကို လျော့ချပေးနိုင်ပါတယ်။ 4. သံချေးနှင့် ဖုန်မှုန့်များကို သန့်စင်ပါ ရေကာပစ္စည်း မလိမ်းမီ Wire Brush ဖြင့် မျက်နှာပြင်ကို စင်ကြယ်အောင် တိုက်ချွတ်သင့်ပါတယ်။ ဘယ်လောက်ကောင်းတဲ့ ဆေးပဲသုံးသုံး မျက်နှာပြင် မသန့်ရှင်းရင် ခဏလေးနဲ့ ပြန်ကွာကျတတ်ပါတယ်။ 5. မျက်နှာပြင် လုံးဝခြောက်သွေ့မှသာ ပြုပြင်ပါ စိုစွတ်နေချိန်တွင် တိပ်ကပ်ခြင်း သိုမဟုတ် ဆေးသုတ်ခြင်း ပြုလုပ်ပါက Adhesion အားနည်းနိုင်ပါတယ်။ တိပ်အသုံးပြုမည်ဆိုပါက တိပ်ပြားထဲမှာ လေခိုမနေစေဖို လက်နဲ့ဖြစ်စေ၊ ဒလိမ့်တုံးလေးနဲ့ဖြစ်စေ သေချာဖိကပ်ပေးပါ။နေပူတဲ့အချိန် (မျက်နှာပြင် ပူနေချိန်) မှာ ကပ်ရင်တော့ ကတ္တရာက ပိုပျော်ပြီး ပိုမြဲတတ်ပါတယ်။ ရေကာဆေး သုတ်တဲ့အခါ တစ်ထပ်တည်း မဟုတ်ဘဲ အနည်းဆုံး (၂) ထပ် သုတ်ပေးတာက ပိုမိုခိုင်မာစေပါတယ်။ ပထမအထပ် လုံးဝခြောက်သွေ့သွားအောင် (အနည်းဆုံး ၄ နာရီမှ ၆ နာရီခန့်) စောင့်ပါ။ ဒုတိယအထပ်ကို သုတ်တဲ့အခါ ပထမအထပ် သုတ်ခဲ့တဲ့ လမ်းကြောင်းနဲ့ Crosswise (အပြန်အလှန် - ဥပမာ ပထမအထပ်က အထက်အောက်ဆိုရင် ဒုတိယအထပ်က ဘယ်ညာ) သုတ်ပေးပါ။ ဒါမှ ဆေးသား ပိုမိုထူထဲပြီး လုံခြုံမှု ရှိမှာဖြစ်ပါတယ်။ PRO 1 မှ အကြံပြုထားသော Products များ - Sika Multiseal Gray(100mmx3m) - Crocodile Roof Shield Water Proofing မိုးမရွာခင် ကြိုတင်ပြုပြင်ထားမှ အိမ်ကို ရေယိုစိမ့်မှုကနေ စိတ်ချလက်ချ ကာကွယ်နိုင်မှာပါ။

အသေးစိတ်ကြည့်ရှုမည်။
မိုးရာသီရောက်တိုင်း ခေါင်းအုံးတွေမှာ မှိုနံ့ထွက်နေပြီလား?

September 29, 2026


မိုးရာသီမှာ လေထုစိုထိုင်းမှုများလာတာကြောင့် အိပ်ယာ၊ ခေါင်းအုံး၊ Blanket တွေမှာ စိုစွတ်နံ့နဲ့ မှိုနံ့တွေ ထွက်လာတတ်ပါတယ်။ ဒီလိုအနံ့တွေက အိပ်မပျော်တာ၊ အသက်ရှူမသက်သာတာအထိ ဖြစ်စေနိုင်လို့ အခုလို နည်းလမ်းလေးတွေကို မဖြစ်မနေလုပ်ထားသင့်ပါတယ်။ 1. ခေါင်းအုံးကို နေရောင်ထဲ ပုံမှန်လှန်းပေးပါ နေရောင်က စိုထိုင်းမှုကို လျော့ချပေးပြီး ဘက်တီးရီးယားနဲ့ မှိုပိုးတွေကို သဘာဝအတိုင်း ဖယ်ရှားပေးနိုင်ပါတယ်။ 2. Pillow Cover ကို တစ်ပတ်တစ်ကြိမ်လျှော်ပါ ချွေးနံ့၊ ဖုန်မှုန့်နဲ့ အဆီအကြွင်းတွေ စုပုံမနေစေဖို့ ပုံမှန်သန့်ရှင်းပေးဖို့ လိုပါတယ်။ 3. အခန်းလေဝင်လေထွက်ကောင်းအောင်ထားပါ Air Flow မကောင်းတဲ့အခန်းတွေက မှိုနံ့ထွက်ဖို့ အလွယ်ဆုံးနေရာတွေပါ။ 4. Baking Soda ဖြူးပြီး အနံ့စုပ်ယူခိုင်းပါ 15–30 mins လောက်ထားပြီး သန့်ရှင်းပေးရင် အနံ့ဆိုးတွေ သိသိသာသာ လျော့သွားပါတယ်။ 5. Charcoal Bag / Moisture Absorber ထားပါ စိုထိုင်းမှုကို စုပ်ယူပေးလို့ မိုးရာသီမှာ အရမ်းအသုံးဝင်တဲ့ Item လေးတွေပါ။ သန့်ရှင်းပြီး Fresh ဖြစ်တဲ့ အိပ်ခန်းလေးကအိပ်စက်မှုကို ပိုကောင်းစေသလို ကျန်းမာရေးအတွက်လည်း ပိုကောင်းစေပါတယ်။

အသေးစိတ်ကြည့်ရှုမည်။